| Sever | Episode | Download |
|---|---|---|
| Telegram | 1 to 12 |
Little Women - 2022
Date:
တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး အလွှမ်းမိုးနိုင်ဆုံး မိသားစုကြီးနဲ့
အပြိုင်ဖိုက်ရမယ့် မိန်းမငယ်လေးသုံးယောက်…
𝑳𝒊𝒕𝒕𝒍𝒆 𝑾𝒐𝒎𝒆𝒏
Poster မြင်ကတည်းက အားလုံးစောင့်မျှော်နေကြတဲ့ ညီအစ်မ
သုံးယောက်ကားလေး လာပါပြီ။ မိန်းမသုံးယောက်ကား(Penthouse)တိုင်း
ပါပြီး၊ ဝင်ရှို့လိုက်ရမှ ကျေနပ်တဲ့ ဦးဦးဂျူဒန်းထယ်ကို လွမ်းနေကြတဲ့သူတွေ
အတွက် အလွမ်းပြေကြည့်လို့ရပါပြီ!!
{All Of Us Are Dead ထဲက မင်းသမီးလေး} Oh In-Hye (Park Ji-Hu)က
ညီအစ်မသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး၊ ပန်းချီဆွဲတဲ့နေရာမှာ မွေးရာပါ
ပါရမီပါတဲ့ သူဖြစ်ပါတယ်၊ နာမည်ကြီး အနုပညာကျောင်းကြီးမှာ တက်ရောက်
နေတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့အပြင် အစ်မနှစ်ယောက် အရမ်း
အချစ်ခံရတဲ့ အချစ်ခံညီမလေးဖြစ်ပါတယ်။
Oh In-Kyung (Nam Ji-Hyun) ကတော့ အလတ်မလေးဖြစ်ပြီး သတင်း
ဌာနမှာ စိတ်အားထက်သန်၊ အလုပ်ကြိုးစားတဲ့ သတင်းထောက်မလေးဖြစ်
ပါတယ်။ဘယ်အရာမဆို မှန်ကန်တာကိုပဲ ကြိုက်တဲ့အတွက် သူတစ်ပါးကို
လိမ်ညာလှည့်စားခိုးယူပြီး ပိုက်ဆံရှာရတာ မနှစ်သက်တဲ့သူပါ။ သူသတင်း
ထောက်ဖြစ်ဖြစ်ချင်းမှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတစ်ခုနဲ့ ကြုံတွေ့ရပါ
တော့တယ်။
အကြီးဆုံးအစ်မဖြစ်တဲ့ Oh In-Joo (Kim Go-Eun) ကတော့ ဆင်းရဲတဲ့
ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရပြီး၊ ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့သူပါ။
သူ့ညီမလေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ပိုက်ဆံက အရေး
အကြီးဆုံးလို့ ခံယူထားတာပေါ့နော်။ သူများတွေလို အေးဆေးတဲ့ ၊ ဘာကိုမှ
မပူပန်ရတဲ့ သာမန်ဘဝလေးမှာ နေဖို့က သူ့အိပ်မက်ပါပဲ။ ဒါပေမဲ့ In Joo
တစ်ယောက် သူတို့ ညီအစ်မသုံးယောက်ရဲ့ ဘဝကိုပြောင်းလဲသွားစေမယ့်
အမှုတစ်ခုကို ရင်ဆိုင်လိုက်ရတဲ့အခါ….
“ကျွန်မတို့ ညီအစ်မ သုံးယောက် အပူအပင်မရှိ
ချောချောမွေ့မွေ့နေသွားတော့မှာ”
ယော်ရောဘွန်းတို့ကို အသည်းခွဲသွားတဲ့ TvN ရဲ့ “Alchemy of Souls” အပြီး
နေရာမှာ အစားလာတဲ့ ကားလေးဖြစ်ပြီး အမိုက်စား Casts တွေနဲ့အတူ လောင်
ရမလား ငိုရမလား ပျော်ရမလားဆိုတာ… စနေ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်
ကြည့်ရှုနိုင်ပါပြီ။
