| Server | Size | Download |
|---|---|---|
| Telegram | 1.25gb |
Hercules - 2014
Date:
The Rock ကြီးရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို Hercules ရဲ့ ဇာတ်လမ်းကောင်းတခုလဲ ဖြစ်ပါတယ်
ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်းနဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေက တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်
ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့အောင် ပြောဆိုလေ့ရှိပါတယ်
Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်
တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး..Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်...
