Beasts of No Nation (2015)

Beasts of No Nation (2015)

Date:
Tag:
Views:

အာဂူးဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်…ကလေးအရွယ်ပဲရှိတဲ့ဒီကောင်လေးရဲ့စိတ်မှာဆော့လိုက် ပျော်လိုက်နောက်လိုက်ပေါ့…သို့ပေမဲ့ အာဂူးတို့နေတဲ့ အာဖရိကမှာ ပြည်တွင်းစစ်ဖြစ်နေတယ်… ပြည်တွင်းစစ်ဆိုတဲ့အတိုင်း ပြည်သူတွေက ဒုက္ခသည် အဖြစ်နဲ့ အရေအတွက်အပေါင်းများစွာ တည်ရှိနေတယ်…ကလေးဘဝအာဂူးလေးရဲ့ မရှိမဲ့ရှိမဲ့ ပျော်ရွှင်စရာကမ္ဘာဟာ တိုက်ပွဲကြားထဲ အဖေနဲ့ အစ်ကို သေဆုံးခဲ့ပြီးအမေနဲ့ ညီမလေးကလည်း ဘယ်ဆီသို့ပေါက်ရောက်မှန်းမသိတော့ပါ… အာဂူးလေးကိုယ်တိုင်လည်း တောထဲထွက်ပြေးရင်း အဖွဲ့အစည်းတစ်ခုရဲ့ စစ်သည်တော်တစ်ဦးဖြစ်လာခဲ့တယ်…အကုန်လုံးနီးပါးက အသက်(၁၈)နှစ်အောက်တွေဖြစ်တဲ့အပြင် တချို့တွေဆို တော်တော်ကြီးကိုငယ်တယ်… သို့ပေမယ့် ရန်သူတစ်ယောက်ရဲ့လည်ပင်းကိုလှီးဖို့ဝန်မလေးသလို မကောင်းမှုအားပေးအရပ်သားလို့ယူဆရတဲ့မိန်းမတွေနဲ့ကလေးတွေကိုလည်း အေးစက်စက်မျက်လုံးနဲ့ နဖူးကိုသေနတ်နဲ့တေ့ပြီး မောင်းဖြုတ်ဖို့ လည်း ဝန်မလေးကြပါဘူး ဒီကားက တကယ့်ဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ…စစ်ကားကြိုက်တဲ့သူမဟုတ်ရင်တောင် ဒီကားကို ကြည့်စေချင်ပါတယ်…တစ်ခုခုတော့ ခင်ဗျားတို့ ရသွားနိုင်ကောင်းပါရဲ့
SeverSize Download
Telegram 1.15gb